ကော့သောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ကော့သောင်း မတ်  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ‌ ထောက်ပံ့‌ပေးအပ်သော(၂၀၂၃-၂၀၂၄) ဘဏ္ဍာ ရေးနှစ်၊ တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစား ခွင့်ရှိသူ ဘိုးဘွား(၁)ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀/-)ကျပ်နှုန်းဖြင့် ထောက်ပံ့‌‌ငွေများကို ဘိုးဘွားများထံသို့ လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကော့သောင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ ပူးပေါင်း၍ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော မြို့‌‌ပေါ်ရပ်ကွက်မှ ဘိုးဘွား(၁၁၃)ဦးအား မတ်လ(၄)ရက်နေ့မှစတင်၍ ဘိုးဘွားများအိမ်သို့ အိမ်တိုင်ရာရောက်သွား‌ရောက်ပေးအပ်လျက်ရှိ‌ပြီး ခရီးဝေးကွာသည့် ကျေးရွာအုပ်စုများရှိ ဘိုးဘွား(၉၁)ဦးအား သက်ဆိုင်ရာရပ်ကွက်၊ ‌ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများမှတဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)