ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ကလေး မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျောင်းသား၊‌ ကျောင်းသူများအား အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလိဆွင်းဗန်က သင်တန်းဖွင့်လှစ်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် အတွေ့အကြုံသစ်များရရှိပြီး ပန်းချီရေးဆွဲနည်းဗဟုသုတများရရှိ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဦးဂင့်ခေါလျှန်က ပန်းချီရေးဆွဲခြင်းအခြေခံဖြစ်သည့် မျဉ်းဖြောင့်မျဉ်းကွေးရေးဆွဲခြင်း၊ ရေဆေးဆီဆေးအသုံးပြုရေးဆွဲခြင်းစသည့်အကြောင်းအရာများကိုမတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်၍သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)