လပွတ္တာ မတ် ၁၂
(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သောလပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကန့်ဘလာကျေးရွာ ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလွင်ကိုဦးက အမှာစာကားပြေားကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှုးဦးအောင်နိုင်မိုးမှစီမံကိန်းအကြောင်းအရာများရှင်းလင်းပြောကြားသည်။ဆက်လက်၍
ကွန်ကရစ်ဘီးလမ်းသစ်အားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လမ်းသစ်အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါလမ်းသစ်အားနိုင်ငံတော်မှထောက်ပံ့ငွေကျပ် (၁၅)သန်းပြည်သူထည့်ဝင်ငွေကျပ် (၃) သန်း စုစုပေါင်းကျပ် (၁၈) သန်းဖြင့် (၉၅၃’×၃’×၆”) ×၂ အတိုင်းအတာဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိအိမ်ခြေ (၁၂၀) လူဦရေး (၄၁၂) ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးအကျိုးရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းကျော်မြင့် (ပြန်/ဆက်)