ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို

မောင်တော  မတ် ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာ စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများတည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိကျောင်သား၊ ကျောင်းသူ ၄၆၁ ဦးနှင့် (တောင်ပြိုလက်ဝဲ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန) အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၈၉ ဦးရှိပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၅၀ ဦးရှိသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား မောင်တောမြို့နယ်အတွင်းဝင်ရောက်ဖြေဆိုသူ ၄၀၇ ဦးရှိသဖြင့်  ပျက်ကွက်မှာ ၁၄၃ ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၇၄ ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ ၂၆ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်