ကျွန်းလှမြို့နယ်တွင် မုံ့မျိုးစုံလုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေ

ကျွန်းလှ မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မုံ့မျိုးစုံလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှ်ိကြောင်း သိရသည်။

မုံ့မျိုးစုံလုပ်ကိုင်ရာတွင် ကုလားပဲခွေ၊ ကုလားပဲချောင်း၊ ပြောင်းဖူးစေ့ကြော်၊ အာလူးကြော်၊ မက်မန်းသီးထုတ်၊ ဆီးယိုထုတ်၊ ဆန်ခွေကြော်စသည့်မုံ့များပြုလုပ်ကြောင်း မုံ့မျိုးစုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးကပြောကြားသည်။

အဆိုပါ မုံ့များကို ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်ရှိရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ရောင်းချကြောင်း မိသားစုအတွက်ပုံမှန်ဝင်ငွေရပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)