စစ်ကိုင်း မတ် ၁၂
စစ်ကိုင်းခရိုင်/ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာထပ်ဆင့်ရှင်းလင်းပွဲကို မတ် (၁၁) ရက်၊ မွန်းလွဲ (၂) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းမြို့နယ်ပညာရေးမှူးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှထုတ်ဝေသည့် “စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ”၊ “ပြည်သူ့စစ်မှုထမ်းရန်ကာလ”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်း”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်”၊ “ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ”၊ “ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ”၊ “ဖြစ်ရမယ့်တာဝန်”(ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့်ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်) “စိုးရိမ်ရန်မလို” “အမျိုးသားရေးတာဝန်” တို့ အားရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများက မရှင်းလင်းသည်များကို မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)