မအူပင် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ရပ်ကွက်များအတွင်းရှိ အိမ်မွေးခွေးစာရင်း ကောက်ယူခြင်းကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များအလိုက်ဆောင်ရွက်သည်။
အဆိုပါအိမ်မွေးခွေးများစာရင်းကောက်ယူခြင်းအား စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအေးသိန်း၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ရပ်ကွက်အလိုက် အိမ်မွေးခွေးပိုင်ရှင်အမည်၊ မွေးထားသည့်ကောင်ရေ၊ ကာကွယ်ဆေးထိုးနှံထားမှုရှိ/မရှိများအား လိုက်လံကွင်းဆင်းစာရင်းကောက်ယူခဲ့ကြသည်။ မအူပင်မြို့ပေါ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်ရှိသည့်အနက် (၄) ရပ်ကွက် (၁) ဖွဲ့ဖြင့် အဖွဲ့ (၃) ဖွဲ့ခွဲကာ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)