မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု လာရောက်ကြည့်ရှု အားပေး

အမရပူရ မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယန္တရား (အထက) ကျောင်းသို့ ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မန္တလေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ စီးပွားရေးဝန်ကြီး ဦးသိန်း‌ဌေး၊ လမ်းပန်းဝန်ကြီး ဦး‌အောင်‌ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ အမရပူရခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ ရောက်ရှိလာပြီး တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် စာစစ်ဌာန ၂ ခုဖြင့် ဖြေဆိုလျက်ရှိပြီး ယနေ့ အင်္ဂလိပ်စာ ဘာသာရပ်တွင် ယန္တရား အထက၌ ကျောင်းသား(၆၃)ဦး၊ ကျောင်းသူ(၁၁၃)ဦး စုစုပေါင်း (၁၇၆) ဦးနှင့် အမှတ် ၁ အထက စာစစ်တွင် ကျောင်းသား (၁၁၉) နှင့် ကျောင်းသူ (၁၆၂ ) စုစုပေါင်း (၂၈၁)ဦး စာစစ်နှစ်ခုပေါင်း ကျောင်းသား (၁၈၂)ဦး၊ ကျောင်းသူ(၂၇၅)ဦး စုစုပေါင်းဖြေဆိုသူ (၄၅၇)ဦး ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၉၇.၀၃ ရှိကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။

စိုးသီဟ(အမရ)