လားရှိုး မတ်လ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း၊ အမှုထမ်းများ၏ တစ်ဦးချင်း အရည်အသွေး တိုးတက်မြင့်မားလာစေရေး၊ ရုံးလုပ်ငန်း ကျွမ်းကျင်မှုရှိစေရေး၊ သတင်းပြန်ကြားရေးလုပ်ငန်းများ၊ ပြည်သူ့ဆက်ဆံရေးအသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ၊ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားရေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ လားရှိုးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဆင်းပွဲကို မတ်လ ၉ ရက်နေ့ ညနေ (၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး) ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက တွဲဖက်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်း အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ ဝန်ထမ်း ၁၁ ဦးဖြင့် မတ်လ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးလုပ်ငန်းဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းနည်း ဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဘာသာရပ်၊ ပြည်သူ့စာကြည့်တိုက်ဘာသာရပ်နှင့် Digital Library Management System (DLMS) ဘာသာရပ်များကို သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)