ပင်လုံ မတ် ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ နိုင်ငံတော်အစိုးရမှ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတော်မှ ထောက်ပံပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မတ် ၉ ရက်နေ့မှစတင်၍ ရပ်ကွက်ရှိ အသက် (၈၃) နှစ်အထက် သက်ကြီးဘိုးဘွား (၄၉) ဦးတို့အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ ပေးကြောင်း သိရပါသည်။
နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် (၈၅) နှစ်အထက် သက်ကြီးအဘိုး၊ အဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ လူမူရေးပင်စင်ရရှိသော အဘိုး၊ အဘွား (၄၉) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃) သောင်းစီဖြင့် စုစုပေါင်းငွေကျပ် (၁၄၇၀၀၀၀/-) ကို ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်လူမူဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က ပူးပေါင်းဆောင်ရွက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)