မကွေး မတ် ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ (အင်္ဂလိပ်စာဘာသာရပ်) ကို မကွေးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခု၌ ကျောင်းသား၊ ကျောင်းသူ ၁၄၈၃ ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန (၄) ခုရှိပြီး အ.ထ.က(၁) စာစစ်ဌာနတွင် စာရင်းသွင်းထားသူ ၇၇၃ ဦးရှိကာ ဖြေဆိုသူ ၇၆၂ ဦး၊ ပျက်ကွက် ၁၁ ဦး၊ အ.ထ.က(၃) စာစစ်ဌာနတွင် စာရင်းသွင်းထားသူ ၆၅၂ ဦးရှိကာ ဖြေဆိုသူ ၆၂၀ ဦး၊ ပျက်ကွက်သူ ၃၂ ဦး၊ အ.ထ.က(မိကျောင်းရဲ)စာစစ်ဌာန၌ စာရင်းသွင်းထားသူ ၅၆ ဦးရှိကာ ဖြေဆိုသူ ၅၃ ဦး၊ ပျက်ကွက်သူ ၃ ဦး၊ အ.ထ.က(သစ်ရာကောက်)စာစစ်ဌာန၌ စာရင်းသွင်းထားသူ ၄၈ ဦးရှိကာ ဖြေဆိုသူ ၄၈ ဦး စုစုပေါင်းဖြေဆိုရန် စာရင်းသွင်းထားသူ ၁၅၂၉ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၁၄၈၃ ဦး၊ ပျက်ကွက်သူ ၄၆ ဦးရှပြီး ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၆ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ကြောင်းသိရပြီး ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက လိုအပ်သည်များကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)