ရွှေတောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

ရွှေတောင် မတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စာစစ်ဌာန(၄)ခု၌  တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ  စာစစ်ဌာန (၄)ခုတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ စာမေးပွဲ ကိုကျောင်းသား(၁၆၁)ဦး၊ ကျောင်းသူ (၂၂၄ )ဦး ၊စုစုပေါင်း (၃၈၅) ဦး ဖြေဆိုခဲ့ကြပြီး ရွှေတောင်မြို့နယ်ချုပ်အနေဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၉၈) ရာခိုင်နှုန်းရှိရာ  ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြိုနယ်ပညာရေးမှူးများ၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်စစ်ဆေးဆောင်ရွက်‌ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ ယာဥ်အန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)