ပခုက္ကူမြို့ မူလတန်းကြိုကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ပခုက္ကူ မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ မူလတန်းကြိုကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအကြောင်း၊ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက အသက်မပြည့်သေးသည့် ကလေးသူငယ်များအား  အတင်းအကြပ်ခိုင်းစေခြင်းနှင့် ပတ်သက်သည့် ဗဟုသုတများ၊ ကလေးအလုပ်သမားနှင့်ပတ်သက်၍ မိမိတို့ဌာနမှ ဆောင်ရွက်နေမှုများ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ထွေးထွေးခိုင်က ကလေးသူငယ်များ အသက် (၁၄) နှစ်မပြည့်မှီဘဲ အဓမ္မခိုင်းစေသည့် လုပ်ငန်းများအတွက် ဥပဒေများ၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းများနှင့်ပတ်သက်၍ ဥပဒေရေးရာများအား အသိပညာပေးဟောပြောခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တက်လူ (ယောဧရာ)