သထုံ မတ် ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မတ်လ (၁၂) ရက်၊ နံနက် (၉) နာရီမှ စတင်ကာ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန နှစ်ခုရှိပြီး အ.ထ.က(၁) သထုံစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း (၂၂၆) ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ (၂၁၈)ဦး၊ ပျက်ကွက် (၈)ဦး၊ အ.ထ.က(ကျိုက္ကော်)၌ စာရင်းပေးသွင်းသူ (၂၅၁) ဦး၊ လာရောက်ဖြေဆိုသူ (၂၄၁) ဦး၊ ပျက်ကွက် (၁၀)ဦး၊ စုစုပေါင်းဖြေဆိုရန် စာရင်းသွင်းထားသူပေါင်း (၄၇၇) ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ (၄၅၉) ဦး၊ ပျက်ကွက်သူ (၁၈) ဦးရှိကြောင်း ကျောင်းသား/ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)