နွားထိုးကြီး မတ် ၁၂
၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝှမ်း မတ်လ ၁၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ၁၁ရက်နေ့မှမတ်လ ၁၉ ရက်နေ့အထိ တစ်နေ့လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃)နာရီအကြာ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁ ခု ဖြစ်သော အ.ထ.က-နွားထိုးကြီးတို့တွင် စာရင်းရှိကျောင်းသား(၁၂၄)ဦးကျောင်းသူ (၂၆၉)ဦးရှိပြီး၊ စုစုပေါင်း (၃၉၃)ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၁၆)ဦး၊ ကျောင်းသူ(၂၆၂)ဦး ဝင်ရောက်ဖြေဆိုပြီး စုစုပေါင်း (၃၇၈)ဦးရှိပြီး ပျက်ကွက်ကျောင်းသား(၈)ဦး၊ ကျောင်းသူ (၇)ဦး၊ စုစုပေါင်း (၁၅) ဦး ပျက်ကွက်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်