ဘုတ်ပြင်း မတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့အဖြစ် အင်္ဂလိပ်ဘာသာကို ယနေ့နံနက်ပိုင်းမှ အ.ထ.ကဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း အ.ထ.ကဘုတ်ပြင်းစာစစ်ဌာနတွင် အင်္ဂလိပ်စာဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၆ ဦးရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၄ ဦး (၉၂ ဒသမ ၇၇ ရာခိုင်နှုန်း) ဖြေဆိုကြပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂ ဦး (၇ ဒသမ ၂၃ ရာခိုင်နှုန်း) ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)