မိုင်းယောင်းမြို့၌ လူမှုထူးချွန်တံဆိပ်(ပထမဆင့်)ရရှိသူများအား ဆုငွေများချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မိုင်းယောင်း မတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်(ပထမဆင့်) ရရှိသူ (၃)ဦးအား တစ်ဦးလျှင် ကျပ် (၅)သိန်းနှုန်းဖြင့် (၃)ဦးအတွက် ကျပ်(၁၅)သိန်း ဆုငွေချီးမြှင့်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်(ပထမဆင့်) ရရှိသူများအား ဂုဏ်ပြုစကားပြောကြားပြီး ဆုငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ မိုင်းယောင်းခရိုင် ခရီးစဉ်အတွင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၂၀)အား ခရိုင်/မြို့နယ် ဌာနဆိုင်ရာများကို ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် အ.လ.က(တပ်တွင်း)ကျောင်း၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၄၈၀ ဒသမ ၈၉၆ ကျပ်သန်းဖြင့် ငွေဗူးသီးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် RCC တစ်ထပ်အလျား ၁၁၈ ပေ၊ အနံ ၉၆ ပေအကျယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)