ရန်ကင်း မတ်လ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိညာပေး လုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁)ခွဲ အချိန်က နွေရာသီကာတွန်းရေးဆွဲနည်း အခြေခံသင်တန်း (ပညာဒါန)ဆင်းပွဲ အခမ်းအနားကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စာရေးဆရာ ဆရာမြင့်မောင်(Phil-Q)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှထွေးက နွေရာသီကျောင်း ပိတ်ကာလတွင် ကျောင်းသား /သူလေးများအား အချိန်ကို အကျိုးရှိစွာ အသုံးပြုခြင်းအားဖြင့် မိမိတို့အတွက် အလွန်ကောင်းမွန်ပါကြောင်း၊ ကာတွန်းအခြေခံရေးဆွဲ သင်ကြားခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်တွေ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီးတော့လည်း အင်္ဂလိပ်စာ Grammar အခြေခံ(ပညာဒါန) သင်တန်းဖွင့်လှစ်ဖြစ်သည့်အတွက် တက်ရောက်ကြစေလိုကြောင်း၊ ယခုလို သင်တန်းလေးတွေ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူတွေအနေနှင့် အများကြီး အကျိုးရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ကာတွန်းပညာရှင် ဆရာမနန်းဝတီအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ရန်ကင်း၊ တောင်ဥက္ကလာပ မြို့ပေါ်ရပ်ကွက်များမှ ကျောင်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၆-၃-၂၀၂၄) ရက်နေ့မှ (၁၂-၃-၂၀၂၄)ထိ (၇)ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)