ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် (MSME) လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ယုဇနမုန့်မျိုးစုံလုပ်ငန်းမှ ဦးကျော်ကျော်သိန်းအား တွေ့ဆုံမေးမြန်း

ဒဂုံအရှေ့ မတ် ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကို ချမှတ်ပြီး တွန်းအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းထုတ်လုပ်မှု မြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံကာ အရည်အသွေး ကောင်းမွန်သည့် ကုန်ချောများ ထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားလုပ်ငန်း တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ယုဇနမုန့်မျိုးစုံ အမှတ်တံဆိပ် အခြေခံစားသောက်ကုန်လုပ်ငန်းမှ ဦးကျော်ကျော်သိန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။

မေး။  ယုဇနကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းကို စတင်တည်ထောင်ဖြစ်ခဲ့ပုံကို သိပါရစေ။

ဖြေ။    ဟုတ်ကဲ့၊ ကျွန်တော်တို့လုပ်ငန်းကို ၂၀၁ခု နှစ်က စတင်လုပ်ဖြစ်ခဲ့ပြီး (၁) နှစ်သက်တမ်းပဲ ရှိပါတယ်။

မေး။   လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ဘယ်ဒေသတွေက ရပါသလဲ။

ဖြေ။    ကျွန်တော်တို့ ထုတ်လုပ်တဲ့ ကုန်ကြမ်း အများစုကတော့ အဓိကအားဖြင့် ဂျုံကိုဒိုင်းမွန်း၊ ရွှေပန်းသီး ကုမ္ပဏီကနေလာရောက် ပို့ပေးပါတယ်။ ကျန်သည့် မုန့်ထည့်ပစ္စည်းများကတော့ ပန်းဘဲတန်းကနေ ဝယ်ယူရရှိပါတယ်။ ဂျုံ၊ ကြက်ဥ၊ သကြားက အဓိကဖြစ်ပြီး ကုန်စျေးတန်းကနေ

မှာယူပါတယ်။

မေး။   အမျိုးအစား ဘယ်နှစ်မျိုး ထုတ်လုပ်ပါသလဲ။

ဖြေ။  ကျွန်တော်တို့လုပ်တဲ့ အမျိုးအစားတွေထဲမှာ အခြေခံအားဖြင့် (၀) မျိုးလောက်ရှိပါတယ်။

ကိတ်မုန့်၊ ဘာတာ၊ ကွတ်ကီး၊ လမုန့်၊ ဖရုံမုန့်၊ ပူတင်း၊ ပေါင်မုန့်တွေ ထုတ်လုပ်ပါတယ်။

မေး။   ဒီထုတ်ကုန်တွေကို ဘယ်ဒေသတွေကို ပို့ဆောင်ဖြန့်ဖြူးနေပါသလဲ။

ဖြေ။    ထုတ်ကုန်တွေကို ခရမ်း၊ သုံးခွ၊ ပဲခူးတိုင်းဒေသကြီး၊ မော်လမြိုင်၊ ဧရာဝတီတိုင်းဒေသကြီးများကို အဓိကပို့ဆောင်ပါတယ်။

မေး။   ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကိုလည်း သိပါရစေ။

ဖြေ။    ဟုတ်ကဲ့၊ ဈေးနှုန်းတွေအနေနဲ့ကတော့ ထုတ်ကုန် အရွယ်အစားအလိုက် အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် ထုတ်ကုန်အားလုံးဟာ စားသောက်ကုန်ဖြစ်တဲ့အတွက် စံချိန်စံညွှန်း ကောင်းမွန်အောင် အထူးထုတ်လုပ်ထားပြီး သာမန်ပြည်သူတွေ စားသုံးနိုင်အောင် ဈေးနှုန်းသတ်မှတ်ကာ ရောင်းချတာဖြစ်ပါတယ်။

မေး။ အလုပ်သမားဦးရေ ဘယ်လောက်ရှိပါသလဲ။ ဘယ်ဒေသကနေ လာရောက် လုပ်ကိုင်ပါသလဲရှင်။

ဖြေ။ အလုပ်သမားများကို နေ့စားငြိမ်းခေါ်ယူပြီး ချောက်မြို့နယ်က လာရောက်လုပ်ကိုင်တာများ

ပါတယ်။

မေး။လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို သိပါရစေရှင်။

ဖြေ။ ကိတ်မုန့်တစ်လုံးတွင် ပါဝင်ပစ္စည်းများကတေ့ာ ဂျုံ၊ သကြား၊ ကြက်ဥ အချိုးအဆထည့်ပြီး မွှေပေးရပါတယ်။ ဂျုံထဲသို့  ထောပတ်၊ ကိတ်ပွဆေး၊ အနံ့၊ ကာလာထည့်ပြီး မိနစ် ၄၀ကြာအောင်ထည့်ပြီး မွှေပေးရပါတယ်။ ၄၅မိနစ်ကြာအောင် မုန့်ဖုတ်ပေးရပြီး အအေးခံပေးရပါတယ်။ ကွတ်ကီး၊ ကိတ်ခြောက်များကတော့ ရက်နှစ်ဆယ်ထိ အထားခံပါတယ်။ ထွက်လာသည့် ကုန်ကြမ်းတွေကို ဂတ်ဖိုထဲပို့ရပါတယ်။ ကုန်ချောထွက်လာရင်ထုတ်ပိုးပြင်ဆင်ပြီးညဘက်နယ်ကားတွေပေါ်တင်ပေးရပါတယ်။ ကိတ်မုန့်ကတော့ ၅ရက်ပေးပြီးတေ့ာ ၄ ရက်ခြား လဲလှယ်ပြီး အသစ်ပြန်ချေပေးရပါတယ်။

ကွတ်ကီး၊ ကိတ်ခြောက်များကတေ့ာ ရက်နှစ်ဆယ်အထိ အထားခံပါတယ်။

မေး။ ထုတ်ကုန်အသစ်တွေ ထုတ်လုပ်ဖို့ရှိပါသလားရှင်။

ဖြေ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ဆထက်ထမ်းပိုး အောင်မြင်အောင်၊ ကိုယ့်ဒေသက ထုတ်ကုန်တွေကို အဆင့်အတန်းမီတဲ့၊ အရည်အသွေးမီတဲ့ ထုတ်ကုန်တွေကို များစွာ ထုတ်လုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်သွားပါမယ်။

မေး။ စားသုံးသူပြည်သူတွေကို ဘာများပြောချင်တာရှိပါသလဲရှင်။

ဖြေ။ ထုတ်ကုန်များကို ဒီထက်မက သန့်ရှင်းလတ်ဆတ်သော ပစ္စည်းများကို ထုတ်လုပ်ပြီး စံချိန်စံညွှန်းကိုက်ညီအောင် ဆောင်ရွက်သွားပါမယ်။ စားသုံးသူ မိဘပြည်သူများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောချင်ပါတယ်။

မေး။   ယခုလို မေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ ပြောကြားပေးတဲ့ ယုဇနမုန့်တိုက်လုပ်ငန်းမှ  ဦးကျော်ကျော်သိန်းကို အထူးကျေးဇူးတင်ပါတယ်။

ဖြေ။    ကျွန်တော်တို့ လုပ်ငန်းအနေနဲ့ရော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနကို အထူးကျေးဇူးတင်ပါတယ်။

အေးမဉ္ဇူ (ပြန်/ဆက်)