မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

မက်မန်း မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အထ အကျင့်ကောင်းများကို လက်ဆင့်ကမ်းနိုင်ရန်၊ စာဖတ်ဝိုင်းမှရရှိသည့် အတွေးအခေါ်ကောင်းများကို ပြန်လည်မျှဝေပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ ညီညီနိုင်ရေးသားထားသည့် “အောင်ပွဲဝင်ခြေလှမ်းများ”စာအုပ်တွင်ပါဝင်သော “ခေါင်းဆောင်မှု၊ မိမိနဲ့ သင့်လျော်တဲ့အလုပ်၊ အခက်အခဲနှင့်တင်းမားမှု၊ အလုပ်အကိုင်နှင့်ဘဝ အဆင်ပြေအောင် ညှိနှိုင်းရေး”စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြား၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)