ဒိုက်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လာ‌ရောက်ကြည့်ရှုစစ်ဆေး

ဒိုက်ဦး မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၂ဝ၂၄) တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနတာဝန်ရှိသူများ နှင့်အတူလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆူညံသံများ မဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်းလုံခြုံရေးတာဝန်များ အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးထားမှု အခြေအနေအား ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)