လဲချားမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

လဲချား မတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား လေ့လာသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့မ‌စျေးလမ်းဆုံတွင် လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းကာ မြို့အတွင်း ဖြတ်သန်းသွားလာနေသော ခရီးသည်များ၊ မိဘပြည်သူများနှင့် ဒေသနေတိုင်းရင်းသားများအားလုံး ဖြန့်ဝေပေးခြခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၁၃.၇.၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်းနှင့်စပ်လျဥ်း၍ စုံစမ်းမေးမြန်းနိုင်သော ဖုန်းနံပါတ်များကို ဖော်ပြပေးထားကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)