ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်းဆောင်ရွက်

ဗိုလ်တထောင်  မတ်  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မတ်လ ၁၁ ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ဗိုလ်တထောင်မြို့နယ် သမဦးစီးဌာနတွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးသို့လာရောက်ငှားရမ်းရန် အခက်အခဲရှိသော ဝန်ထမ်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ လက်ဝယ်အရောက် နယ်လှည့်ကွင်းဆင်းပြီး သုတရသစာအုပ်များ၊ စာငှားသူ၊ စာဖတ်သူစိတ်ကြိုက်စာအုပ်များအား စာငှား/စာဖတ်သူများထံအရောက် အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြတ်ဖူး