မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ရှင်အပါး (၅၀၀၀) မင်္ဂလာပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တောင်တွင်းကြီး မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုမင်္ဂလာပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကဏ္ဍအလိုက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် မဟာမြိုင်သဲဖြူဆရာတော် ဘန္ဒန္တပညာဇောတထံမှ သြဝါဒကို ခံယူကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ဗဟိုမဏ္ဍိပ်အပြင် မဏ္ဍပ်ငယ်များ ဆက်လက်ဆောက်လုပ်နေ​​ခြင်း၊ ရေလှောင်ကန်များမှ Solar နေရောင်ခြည်စနစ်ဖြင့် ရေမြှုပ်မော်တာ စမ်းသပ်အသုံးပြုခြင်း၊ စတုံအထက်ဆည်ရေလှောင်ကန်မှ ရွှေရောင်တော်စေတီမြတ်ကြီးထိ မီးသတ်ကားများဖြင့် ရေများဖြန်းပတ်ခြင်း၊ ယာဥ်အန္တရာယ်မဖြစ်စေရေးနှင့် ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရေး မူလလမ်းဟောင်းကို စက်ယန္တရားများဖြင့် မြေသားများ ထပ်ပို/ တိုးချဲဆောင်ရွက်ခြင်း၊ ရေလှောင်ကန်များမှ သန့်စင်ခန်း၊ ရေချိုးခန်းများသို့ ရေပေးဝေခြင်းနှင့် ကျန်ရှိရေပိုက်များ ထပ်မံတပ်ဆင်ခြင်း၊ မျောတိုင်များ စိုက်ထူခြင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှ ရွှေရောင်တော်ဘုရားကြီး ပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)