ပင်းတယ မတ် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာအခြေခံသင်တန်းတွင် တက်ရောက်သင်ကြားနေသည့် ကျောင်း/သားသူများအား နိုင်ငံသားစိစစ်ရေးကတ်များကို အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် (၀.၈) အရွယ်ဓါတ်ပုံ (၃) ပုံ၊ အိမ်ထောင်စုလူဦးရေစာရင်းဓာတ်ပုံမိတ္တူ (၁) စောင်၊ အသက်အရွယ်ကျောင်းထောက်ခံချက် (သို့မဟုတ်) မွေးစာရင်းမိတ္တူ (၁) စောင်၊ မိဘနှစ်ဦး၏ နိုင်ငံသား/ အမျိုးသားမှတ်ပုံတင်လက်မှတ်မိတ္တူ (၂) စောင်၊ အသက် (၁၀) နှစ်ပြည့်အတွက်ဖြစ်ပါက ကာယကံရှင်၏ သွေးအုပ်စုသတ်မှတ်ချက် (၁) စောင်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (၁) စောင်လိုအပ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာများသို့လည်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပင်းတယမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)