လဲချား မတ် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် နွေရာသီအားကစားသင်တန်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ကရာတေး၊ ဘော်လီဘော၊ ခြင်းခတ်၊ စားပွဲတင်တင်းနစ် ၊ fitnit dances၊ ဘော်လုံး၊ ကြက်တောင်ရိုက် စသည့်အားကစားနည်းများအား မတ်လ ၁ ရက်နေ့မှ မေလကုန်အထိ အချိန်ပိုင်းအလိုက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)