ကွန်ဟိန်း မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ သံချဆေးနှင့် ဗီတာမင်အေအား ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူကြိုကလေးငယ်များ ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါများကင်းဝေးစေရန် ရည်ရွယ်၍ သံချဆေးနှင့် ဗီတာမင်အေအားဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများက သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးတိုက်ကျွေးမှုတွင် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ အရပ်တိုင်းခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်း(ပြန်/ဆက်)