မြောင်းမြ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် (၉၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြောင်းမြခရိုင်နှင့် မြို့နယ်ပညာရေးမှူးတို့နှင့်အတူ အ.ထ.က (၆) ကျောင်းရှိ (၉၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး မိုးပြည့်ဟိန်းကုမ္ပဏီမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ဖွင့်ပွဲအထိမ်းအမှတ်အလံ ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဖွင့်လှစ်ပြီးသော ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာများဖြင့် ပက်ဖြန်းခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ်သည် အလျား(၉၀)ပေနှင့် အနံ(၃၀)ပေရှိပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးပြည့်ဟိန်းကုမ္ပဏီမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
မြောင်းမြ (ပြန်/ဆက်)