ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အစိုးရဓမ္မာစရိယ စာမေးပွဲစတင်ဖြေဆို

ဒဂုံမြောက် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သာသနာရေးဦးစီးဌာနမှ  ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို သံဃာတော်(၆၆)ပါးနှင့် သီလရှင်(၁၀)ပါးတို့မှ ပါရာဇိကကဏ္ဍ အဌကထာ(၁)ဘာသာရပ်အား ဝင်ရောက်ဖြေဆိုကြပြီး သံဃာတော်(၂၂)ပါးနှင့် သီလရှင်()ပါး ပျက်ကွက်‌ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

စာမေးပွဲဖြေဆိုကြသည့် သံဃာတော်နှင့်သီလရှင်များ စိတ်အေးချမ်းသာစွာ စာဖြေဆိုနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပြီး အဆိုပါစာမေးပွဲအား မတ် ရက်နေ့မှ ဧပြီ ရက်နေ့ထိ နေ့လယ် ၁၂ နာရီမှ ညနေ ၄ ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ