သာကေတ မတ် ၂၉
သာကေတမြို့နယ်တွင် သာသနာရေးဦးစီးဋ္ဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ အဆိုပါမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A ဘဒ္ဒန္တသောဘန၊ အကျိုးတော်ဆောင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောမလ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသနှင့် အကျိုးတော်ဆောင် ဘဒ္ဒန္တအရိယဝံသ၊ စာမေးပွဲသြဝါဒစရိယဆရာတော်(၅)ပါးနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်ဆရာတော်(၂၂)ပါးတို့က အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါဓမ္မစရိယစာမေးပွဲဖြေဆိုရာ၌ မတ်(၂၈)ရက်တွင် ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ(ပထမနေ့)၊ (၂၉)ရက်တွင် ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ (ဒုတိယနေ့)၊ (၃၀)ရက်တွင် သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ(ပထမနေ့)၊ (၃၁)ရက်တွင် သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ(ဒုတိယနေ့)၊ ဧပြီ(၁)ရက်တွင် ဓမ္မသဂ်ဏီပါဠိ အဋ္ဌကထာ(ပထမနေ့)၊ ( ၂)ရက်တွင် ဓမ္မသဂ်ဏီပါဠိ အဋ္ဌကထာ(ဒုတိယနေ့)၊ (၃)ရက်တွင်ဓမ္မာစရိယနှင့် ဂုဏ်ထူးတန်းတို့က ပါစိတျာဒိပါဠိကထာ ၊ သုတ်မဟာဝါ ၊ သုတ်ပါထိကပါဠိအဋ္ဌကထာ၊ မဇ္စိုမနိကာယပါဠိအဋ္ဌကထာ ၊ သံယုတ္တနိကာယပါဠိအဋ္ဌကထာ၊ အဂ်ုတ္တရနိကာယပါဠိအဋ္ဌကထာ၊ ဝိဘ့ဂ်ါဒိပါဠိအဋ္ဌကာ။ ပဋိသမ္ဘိဒါမဂ္ဂပါဠိအဋ္ဌကထာ၊ (၄ )ရက်တွင် ပါစိတျာဒိပါဠိကထာ(ပထမနေ့)၊ သုတ်မဟာဝါ၊ သုတ်ပါထိကပါဠိအဋ္ဌကထာ (ပထမနေ့) ၊ ဝိဘဂ်ါဒိပါဠိအဋ္ဌကထာ ( ပထမနေ့) ၊ ( ၅ ) ရက်တွင် ပါစိတျာဒိပါဠိကထာ ( ဒုတိယနေ့) ၊ သုတ်မဟာဝါ ၊ သုတ်ပါထိကပါဠိအဋ္ဌကထာ (ဒုတိယနေ့) ၊ဝိဘဂ်ါဒိပါဠိအဋ္ဌကထာ (ဒုတိယနေ့)တို့ကို သာကေတမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော် ( ၃၃၇ ) ပါးတို့က ဖြေဆိုကြမည်ဖြစ်သည်။
ဆောင်းနှင်းဖြူ