ပုသိမ်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပုသိမ်ကြီး မတ် ၂၉

ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကျရောက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာ ယနေ့နံနက် ၉ နာရီက စတင်ကာ မြို့နယ်ဌာနဆိုင်ရာရုံး ၃ခုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

စစ်ဆေးရာတွင် မြို့နယ်သမဝါယဦးစီးဌာနရုံး၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ B.O.D စနစ်ဖြင့် ဆောင်ရွက်သည့် မြို့နယ်မျိုးစေ့စက်ရုံတို့ကို မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေသိုလှောင်ကန် စသည့်တို့အား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပြီး၊ လက်တွေ့မီးငြှိမ်းသတ်မှုများကို ဆောင်ရွက်ကာ လိုအပ်သည်များကို ပြောကြားခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ဦးစီးအရာရှိများနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည်။ မြို့နယ်အတွင်းရှိ ကျန်ရှိသေးသည့် ဌာနဆိုင်ရာ ရုံးများအား ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို (ပုသိမ်ကြီး)