မရမ်းကုန်း မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများ မရှိစေရေးတို့အတွက် လက်ရှိအသုံးပြု လျက်ရှိသည့်( Anlog C.T) မီတာအဟောင်းများ အဆင့်မြင့် (Digital C.T) မီတာများဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း အနောက်ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ ဦးယဥ်မိုး၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးသိုက်ထွန်းမောင်တို့၏ ကြီးကြပ်မှုဖြင့် ယင်းခရိုင် ကွပ်ကဲမှုအောက်ရှိ မြို့နယ်လျှပ်မန်နေဂျာရုံး ၆ ရုံးမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ လဲလှယ်ရန်ရှိသည့် မီတာ (၃၂၈) လုံးအနက် မတ်လ (၂၈) ရက်နေ့အထိ မီတာ (၂၁၁) လုံး လဲလှယ်နိုင်ခဲ့ပြီး ကျန်ရှိသည့် မီတာများအား အမြန်ဆုံး အစားထိုးလဲလှယ် တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)