ဒေးဒရဲ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးနှင့် ဖျာပုံခရိုင်အတွင်းမှ ဒေသထွက်ကုန်များနှင့်သားငါးများ အခြားတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်မှုရှိစေရေးအတွက် စစ်ဆေးကောက်ယူခြင်းလုပ်ငန်းနှင့် တရားမဝင်ပစ္စည်းများ သယ်ယူရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း အခြေအနေများကို ယနေ့နံနက်(၁၀)နာရီ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ဖျာပုံခရိုင်အတွင်းရှိ ဒေသထွက်ကုန်များနှင့် ကြက်ဥ၊ ဘဲဥ၊ငါးရှဥ့်၊ ငါးခြောက်၊ ငါး၊ ပုစွန် စသည့်ကုန်ပစ္စည်းများ အခြားတိုင်းဒေသကြီးသို့ ကုန်စည်စီးဆင်းမှု မှန်ကန်မှုရှိစေရေး စာရင်းကောက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် တရားမဝင်ပစ္စည်းများ သယ်ယူရောင်းချမှု မရှိစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အေဇာလင်း