နတ်မောက် ဧပြီ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့မဈေးတောင်ဘက်ဝင်ပေါက်၏ အနောက်ဘက်ခြမ်းရှိ ကိုယ့်အားကိုယ်ကိုးဈေးဆိုင်ခန်းများ ဆောက်လုပ်နေမှုအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရှိ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကိုယ့်အားကိုယ်ကိုးဈေးဆိုင်ခန်းများ ဆောက်လုပ်နေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် စည်ပင်သာယာရေးကော်မတီဝင်တို့က ဈေးဆိုင်ခန်း (၂၂) ခန်းအား ( Stree Structure ) များဖြင့် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာမှ ဆောက်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း