ကြံခင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ကြံခင်း    ဧပြီ      ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊  အုပ်ချုပ်ရေးမှူးရုံးတွင်  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်(၃)ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးရှိ ဝန်ထမ်းများက ပိန္နဲကွင်းကျေးရွာအုပ်စုနေ ပြည်သူများတွင် (နိုင်)မရှိသူများ တစ်ဦးချင်းအလိုက် အကွက်အပေါက်များ စိစစ်ခြင်း၊ မြေပြင် ကွင်းဆင်းကောက်ယူခြင်းမှအလွတ်အထစများစီစစ်၍ လုပ်ထုံးလုပ်နည်းများနှင်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ပြုလုပ်ပေးခဲ့ ပြီးနိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)