အမြို့မြို့အနယ်နယ်သတင်းများ

Apr 01,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ တိုင်းဒေသကြီးရုံးခွဲ (ပြည်) ပညာရေးမှူး ဦးတင်ယု၊ ပညာရေးဒီဂရီကောလိပ် (ပြည်) ကျောင်းအုပ်ကြီးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများစုစုပေါင်း ၁၃၅ဦးတက်ရောက်သည်။
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်သူပညာပေးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။
Apr 01,2024
၂ဝ၂၄-ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ၊ ညောင်လေးပင်ခရိုင်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် စာသင်ကြားပေးမည့် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁ ရက်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ဒိုက်ဦး၊ အောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 01,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ မီးဘေးကြောင့် လုံးဝပျက်စီးသွားသော နေအိမ်(၁)လုံးအတွက် အိမ်ပိုင်ရှင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်သူ့စစ်မူထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီက လူစည်ကားရာနေရာဖြစ်သည့် ပဲခူး-ကဝလမ်းမကြီးဘေး၌ စိုက်ထူခဲ့သည်။
Apr 01,2024
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တံတားဦးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြန်မာနိုင်ငံရပ်ဖွဲ့စခန်းတွင် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ကြောင်းသိရသည်။
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့်ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက ကျင်းပကြောင်း သိရသည်။