ဟုမ္မလင်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မူလ တန်းကြိုကျောင်းဆင်းပွဲကျင်းပ

ဟုမ္မလင်း    ဧပြီ  ၁

ဟုမ္မလင်းမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မူ လတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဟုမ္မလင်းမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ ဟုမ္မလင်းမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမူလတန်းကြို ကျောင်းတွင်ကာယ၊ ဥာဏ၊ စာရိတ္တပေါင်းသင်း ဆက်ဆံရေးနှင့် ဖွံ့ဖြိုးရေးအသက်ပညာများအား သက်ယူပြီးမြောက်ခဲ့သည့် မူကြိုကျောင်းသား/ သူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မူကြိုကျောင်းသား/သူများက တောင်ယာဝင်ချိန်၊ ကောက်စိုက်ချိန်၊ လက်ကလေး ဆွဲထား၊ ကဗျာရွတ်ဆိုခြင်း၊ ဗမာမလေးပါရှင့် စသည့်ဖြင့် ပဒေသာကပွဲများဖြင့် ကပြသီဆို ဖျော်ဖြေဧည့်ခံခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာဥက္ကဌနှင့်အဖွဲ့ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မူလတန်းကြိုကျောင်းမှ ဆရာ/မများ၊ မူကြိုကျောင်းသား/သူများ နှင့် တာရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)