ဝန်းသို ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး အခြေခံစာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁-၄-၂၀၂၄ ရက်နေ့ နံနက် (၉)နာရီ အချိန်က ဝန်းသိုမြို့အ.ထ.က(ခွဲ) တပ်နယ်မြေကျောင်းတွင် ကျင်းပသည်။
ရှေဦးစွာ ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းက အဖွင့်အမှာ စာကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ချိုချိုမြင့်က သင်တန်းလုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများအား ဗလာစာအုပ်နှင့်ခဲတံများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ကောလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်း၊ ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး အောင်မျိုးသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်ဆန်းဝင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းကြီးကြပ်ဆရာ၊ ဆရာမ(၂၇)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၆၇)ဦးတို့အား (၄၀)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)