ချီဖွေ ဧပြီ ၃
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်ဇောင်းညွယ်မှ ချီဖွေမြို့နယ် ဘဏ်ခွဲနှင့်ပတ်သက်သည့် သမိုင်းကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ အမှတ်(၁၀၅) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ပြေငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)