ဥတ္တရသီရိမြို့နယ်ရှိ သောက်သုံးရေအခက်အခဲရှိသော ရပ်ကွက်၊ ကျေးရွာများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ(အခမဲ့)လှူဒါန်း

ဥတ္တရသီရိ ဧပြီ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ရေအခက်အခဲရှိသော ရပ်ကွက်၊ ကျေးရွာများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းကစတင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသက်နောင် ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ရွှေနံ့သာရပ်ကွက်၊ သဲဖြူကုန်းရွှေ့ပြောင်းကွက်သစ်ရှိ ရေအခက်အခဲရှိသည့် ပြည်သူများအား ရေဂါလံ ၂၄၀၀ ခန့်ကို မီးသတ်ယာဉ် ()စီးဖြင့် သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံး ရေကန်များနှင့် ရေရှားပါးရာနေရာများသို့ နှစ်စဉ် လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)