တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်  အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး ဧပြီ ၃

မကွေးတောင်ဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ညဏ်ရည်၊ ညဏ်သွေး မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲအား လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကာလတွင် အခမဲ့အင်္ဂလိပ်စာ (4-skills) သင်တန်းတက်ရောက်နေသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက အသီးသီးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကာ ပါဝင်ယှဥ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅) ဦးရှိကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)