သာစည်မြို့နယ် သန်းကျားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေး

သာစည် ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် သမန်းကျားကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ချေးငွေထုတ်ပေးပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့် စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးက အတိုးနှုန်းနှင့်ကာလ သတ်မှတ်ချက်များ၊ စီမံကိန်းလည်ပတ် ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရမည် စည်းမျဉ်စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သမန်းကျားကျေးရွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ရောင်း ဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်းအသင်းသား/သူ ၁၀၅ ဦးကို ငွေကျပ် ၄၇.၉ သန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ချေးငွေထုတ်ပေးပွဲသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြစိမ်းရောင် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့် အသင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)