စဉ့်ကူး ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကလေးငယ်များအား လအလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊တိုက်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သက်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုနည်းတူ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်ချိန်အတွင်း မေးခိုင်ကာကွယ်ဆေး အနည်းဆုံး (၂)ကြိမ် ထိုးပေးခြင်း၊ သွေးပေါင် ချိန်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ သန်ချဆေးတစ်ကြိမ်သောက်ရန်ပေးခြင်း၊ ဘီတာမင်ဘီဝမ်း ဆေးပြားနှင့် သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဥ်သောက်ရန် ပေးခြင်းများအပြင် ဆစ်ဖလစ်ရောဂါအတွက် သွေးစစ်ပေးခြင်းများကိုလည်း လစဥ်သတ်မှတ်ရက်များနှင့် လဆန်း(၂)ရက်နေ့မှ (၃)ရက်နေ့အထိ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ငြိမ်းချမ်းဝင်း(ပြန်/ဆက်)