လယ်ဝေး ဧပြီ ၃
အခြေခံပညာကျောင်းများသည် လူငယ်ဘဝအစပြုသည့် အသက် ၅ နှစ်မှ ဆယ်ကျော်သက်အရွယ်လူငယ်များအထိ လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းကို အဓိကတာဝန်ယူရသော၊ လူငယ်များ၏ စာရိတ္တ၊ အတွေးအခေါ်၊ အလေ့အကျင့်အပြုအမူတို့ကို လေ့ကျင့်သင်ကြားပေးသည့်နေရာများဖြစ်ရာ နောင်တစ်ချိန်တွင် နိုင်ငံတော်တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ကင်းထောက်သင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ အ.ထ.က(၂)တွင် စတင်ဖွင့်လှစ်သည်။
အဆိုပါ ကင်းထောက်သင်တန်းတွင် ကျောင်းသား ၂၃ ဦး၊ ကျောင်းသူ ၂၉ ဦးအား နည်းပြဆရာဆရာမ ၅ ဦးတို့က သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၃ ရက်မှ ၇ ရက်အထိဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)