Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လပွတ္တာမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများအား မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်းပေး
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ နွေရာသီ သောက်သုံးရေများစတင် ရှားပါးလာပြီဖြစ်၍ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဥ်ဖြင့် အမှတ်(၇)ရပ်ကွက်၊ သရက်တောဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ (၃၂၀၀)ဂါလန်အား ယနေ့ နံနက်ပိုင်းက အခမဲ့သွားရောက် လှူဒါန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ဆက်လက်ကျင်းပ
Apr 04,2024
၂၀၂၄ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာနအသီးသီးတွင် မတ်လ(၂၈)ရက်မှစတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲကို (၉)ရက်တိုင်တိုင်နှင့် ပါဠိပထမပြန်စာမေးပွဲကို (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မြိတ်စာဖြေဌာနကို မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီ တော် ဗုဒ္ဓသာသနာ့ဗိမာန်နှင့် ရေကြည်တော်ဓမ္မာရုံတို့တွင် ပါဠိပထမပြန်စာမေးပွဲကို ဆက်လက်ကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ အသက်(၁)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Apr 04,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သဲကုန်းမြို့ပေါ် ရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းနှင့်သင်တန်းဆင်းပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၄-ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားလျက်ရှိ
Apr 04,2024
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံပန်းချီ အခမဲ့သင်တန်းကို ဧပြီ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင် စတင်ဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ဝိနည်း ကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ/ ဓမ္မပဒ၊ ဒွေမာတိကာ ဘာသာ/ဓမ္မပဒ ဘာသာရပ်ကို ယမန်နေ့နေ့လယ် ၁၂ နာရီက စတင်၍ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့် MSY/VRFP စီမံကိန်းစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Apr 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့် MSY/VRFP စီမံကိန်းစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပလုပ်ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေး စာဖတ်ဝိုင်းပြုလုပ်
Apr 04,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Book Club၊ Woman Club၊ Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က စာရေးဆရာမောင်ခေတ်ထွန်း ရေးသားသည့် “သားရွှေစင် ပုံပြင်ပေါင်းချုပ်” စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9245
Page
9246
Page
9247
Page
9248
Current page
9249
Page
9250
Page
9251
Page
9252
Page
9253
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department