အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woomen Club အဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 05,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဒေသတွင်း ကြက်သွန်နီစိုက်တောင်သူများ ဈေးနှုန်းကောင်း၍ အကျိုးအမြတ်ရရှိကြောင်း စိုက်ပျိုးသူများထံက သိရသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် နွေရာသီကာလ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Apr 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ အသိပညာ ပေးဟောပြောပွဲအား ယမန်နေ့နံနက်(၁၁)နာရီအချိန်က လပွတ်ကွပ်တဲချောင်းကျေးရွာ၌ ကျင်းပသည်။
Apr 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) နည်းပြသင်တန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ နည်းပြ၊ ကြီးကြပ်နှင့် စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Apr 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို စူဠာမုနိကုသိုလ်တော်ဘုရားကြီးဓမ္မာရုံ၌ ဧပြီ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။