Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Apr 05,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆိုလျက်ရှိ
Apr 05,2024
ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သာသနာရေးဦးစီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲအား စာစစ်ဌာနအသီးသီးတွင် ကျင်းပဖြေဆိုလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအား ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့လယ်သာသနာ့ ဗိမာန်တော်ကြီး စာစစ်ဌာန၌ ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ(ဆင့်ပွား) သင်တန်းဖွင့်
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းမြို့နယ်အဆင့် နည်းပြ(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်
Apr 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှဧပြီလ (၉)ရက်နေ့အထိ နေ့စဥ်မွန်းတည့်(၁၂)နာရီမှ ညနေ(၃) နာရီအထိ ကျင်းပပြုလုပ်လျက်ရှိရာ ဧပြီ ၃ရက်နေ့ မွန်းလွဲပိုင်း (၁၂)နာရီအချိန်က ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရားပရိဝုဏ်ရှိ နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း ဖြေဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ရာသီစာ ကတက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိ
Apr 05,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် မိမိတို့၏ ဥယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များကို နှစ်ရှည်ပင်များနှင့် ရောနှောစိုက်ပျိုးထားကြပြီး တချို့ ကတက်ပင်များမှာ သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိရာ ကတက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ဒေသခံပြည်သူများက ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဆွေးနွေးပွဲ ကျင်းပ
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) မြတ်ပညာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့သော သီးထပ်သီးနှံ မတ်ပဲများကို ၂၀၂၄ ခုနှစ်၊ မတ်လပိုင…
Apr 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့သော သီးထပ်သီးနှံ မတ်ပဲများကို ၂၀၂၄ ခုနှစ်၊ မတ်လပိုင်းတွင် ရိတ်သိမ်းခဲ့ကြရာ တစ်ဧကပျှမ်းမျှ တင်း ၂၀ ဝန်းကျင်ထွက်ရှိခဲ့ကြကြောင်းနှင့် ယခုလတ်တလောတွင် ဒေသပေါက်စျေး တစ်တင်းလျှင် ကျပ် ၉၆၀၀၀ စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ၍ မတ်ပဲစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9242
Page
9243
Page
9244
Page
9245
Current page
9246
Page
9247
Page
9248
Page
9249
Page
9250
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department