လပွတ္တာ ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ နွေရာသီ သောက်သုံးရေများစတင် ရှားပါးလာပြီဖြစ်၍ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဥ်ဖြင့် အမှတ်(၇)ရပ်ကွက်၊ သရက်တောဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ (၃၂၀၀)ဂါလန်အား ယနေ့ နံနက်ပိုင်းက အခမဲ့သွားရောက် လှူဒါန်းပေးခဲ့သည်။
အဆိုပါ သောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိမ်းကိုကိုဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်တို့က မီးသတ်ရေသယ်ယာဥ် (၁)စီးဖြင့် သွားရောက်၍ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သောက်သုံးရေ ရှားပါးနေသည့်အခြားကျေးရွာ၊ ရပ်ကွက်များသို့လည်း ဆက်လက်၍ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မူမူ (ပြန်/ဆက်)