ဇလွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိ

ဇလွန် ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woomen Club အဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခမ်းအနားမှူးသင်တန်းတွင် Woomen Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက မိမိတို့ကျောင်း၊ မြို့နယ်မှ တာဝန်များပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာမများအား ခန်းမအတွင်းနှင့် ခန်းမပြင်ပတွင် ပြုလုပ်သည့် အခမ်းအနားနှစ်မျိုး၊ အခမ်းအနားမှူး တစ်ယောက်၏ အရည်အချင်း၊ အခမ်းအနားမှူး တစ်ယောက်၏ ဝတ်စားဆင်ယင်မှုများ စသည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းကို (၃.၄.၂၀၂၄) ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး (၅.၄.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန်

(ပြန် / ဆက်)