ဇလွန် ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိသည်။
ဇလွန်မြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ဆက်လက်ဖြေဆိုရာတွင် ပထမကြီးတန်း ဖြေဆိုသံဃာ (၄) ပါး ၊ ပထမလတ်တန်း ဖြေဆိုသံဃာ(၁၅) ပါး၊ ပထမငယ်တန်း ဖြေဆိုသံဃာ (၃၀) ပါး၊ အခြေပြုမူလတန်း ဖြေဆိုသံဃာ (၆၀)ပါး စုစုပေါင်းစာဖြေသံဃာ (၁၀၉) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဧပြီလ ၉ ရက်နေ့အထိ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ်စာမေးပွဲများ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)